Musician များရဲ့ Biography များ Software နှင့် နည်းပညာများ ဂီတနှင့်နည်းပညာ ချစ်မြတ်နိုးသူများကို ကြိုဆိုပါတယ်

Sunday, August 18, 2013

Synyster Gates Biography





Synyster Gates ..............
Synyster Gates ကတော့ကျွန်တော့်ရဲ့ အကြိုက်ဆုံး Guitarist တစ်ယောက်ပါ
Rock and Roll သမိုင်းကြောင်းရဲ့New Generation Guitarist တွေထဲက အကောင်းဆုံးသူတွေကို ပြောပါလို့မေးလာလျှင် ကျနော်တို့ဖြေမယ့်အဖြေထဲမှာ Synyster Gates ဆိုတဲ့ နာမည်ပါလာလျှင် ငြင်းမယ့်လူမရှိဘူးလို့ထင်ပါတယ်။

Slipknot Drummer Joey Jordison's Biography

ကမ္ဘာကျော် Nu Metal တီးဝိုင်း Slipknot ရဲ့ ဒရမ်သမား Joey Jordison ပါ..
သူဟာ 1975 ခုနှစ် ဧပြီ လ 26 ရက်နေ့မှာ မွေးခဲ့တာမို့ အခုဆိုရင် အသက် 38 နှစ်ရှိပါပြီ။ သူ့ကို Iowa ပြည်နယ်၊ အမေရိကန်မှာ မွေးဖွားခဲ့ပြီး သူ အသက် 8 နှစ်အရွယ်မှာဘဲ ကိုယ်ပိုင် ဒရမ်စက် တစ်ခု ကို ပိုင်ဆိုင်ခဲ့ပါပြီ။ သူဟာ Drummer, သီချင်းရေးဆရာ၊ လိဒ် ဂီတာသမား စတယ့် နယ်ပယ်အစုံမှာ ကျင်လည်နေဆဲ

New album ထွက်ဖို့အတည်ပြုလိုက်တဲ့ Avenged Sevenfold

Avenged Sevenfold (or) A7X ... ဒီ band ကိုတော့ ရော့ခ်သမားတိုင်းလိုလို သိမယ်ထင်ပါတယ်။ 2010 ခုနှစ်မှာ ထွက်ခဲ့တဲ့ Nightmare album ကတော့ Billboard 200 မှာ No.1 ချိတ်ခဲ့ပီးတဲ့နောက်မှာတော့ ... ယခုတဖန် AX7 ထွက်ရှိမည့် new Album နာမည်နဲ့ ရက်စွဲကို ထပ်မံကြေညာလိုက်ပါပီး။ 6 ခွေမြောက် studio album ရဲ့နာမည်ကတော့ " Hail to the King " ဖြစ်ပီး August 27 ရက်နေ့မှာ စတင်ဖြန့်ဝေမှာဖြစ်ပါတယ်။
ထူးထူးခြားခြား ဒီ album ကတော့ 2009 ခုနှစ်မှာ ကျနော်တို့အားလုံးကို စွန့်ခွာသွား တဲ့ The Rev ရဲ့အငွေ့အသက်တွေ ဒီ album မှာ ကင်းစင်နေမှာဖြစ်ပါတယ်။
The Rev နေရာ အစားဝင်လာတဲ့ Arin Ilejay အတွက်ကတော့ ဒီ Album ကတော့ AX7 နဲ့ပထမဆုံးထွက်မည့် Album ဖြစ်ပါတယ်။
ရင်ခုန်စွာနဲ့စောင့်မျှော်လိုက်ကြရအောင်.....

အမြည်းလေးနားထောင်ကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်....
http://www.youtube.com/watch?v=pSBUvVIzEQU

Jim Root Biography

ဂျင်မ် ရု ဟာ ဆိုရင်ဖြင့် Slipknot တီးဝိုင်းမှာ Mike Thompson နဲ့ အတူ ပူးတွဲတီးခတ်တယ့် လိဒ်ဂစ်တာ သမား ဖြစ်ပါတယ်.။ သူ ဟာ အခု ဆိုရင် အသက် 41 နှစ် ရှိပြီး Vocalist Corey Taylor နဲ့ အတူ မက်တယ် ဘန် Slipknot, Alter Rock Band..Stone Sour တို့မှာ ပါဝင် တီးခတ်နေတာပါ။

သူဟာ အသက် 28 နှစ်အရွယ် မှာ Slipknot ဘန့် ကို ဝင်ရောက်လာခဲ့ပြီး အဲဒါမတိုင်ခင်ကတော့ ပန်ကန်ဆေး အလုပ်သမား၊ ဝိတ်တာ၊ အစရှိတယ့် ဘဝကို ခက်ခဲစွာ ရင်ဆိုင်ခဲ့ရတာပါ။

ဘန့် မန်ဘာ အချို့တွေ က Slipknot သီချင်းတွေကို ပူးပေါင်းရေးစပ်ထားတာ ဖြစ်ပြီး အဲဒီထဲမှာ ဒရမ်မာ ဂျိုယေး၊ ယခု လိဒ်သမား ဂျင်ရု တို့ ပါဝင်ပါတယ်။ သူဟာ Slipknot Vocalist တေလာ ထောင်ထားတယ့် အော်တာ ဘန့် Stone Sour မှာ လဲ ဂီတာ တီးပါတယ်။ ဒါပေမယ့် သူ အဓိက တာဝန်ယူတာ က Rhythm ဂီတာ နဲ့ Second Guitar ပါ။။ All Hope is Gone အယ်လ်ဘမ်မှာတော့ သူ ဟာ လိဒ် တီးဟန်တွေကို အဓိက စီစဉ်ပေးခဲ့သူပါ။

Herman Li Biography

Grammy ဆုရ Metal ဝိုင်းတစ်ဝိုင်းဖြစ်တဲ့ Dragon Force ရဲ့ ဂစ်တာသမား၊ တေးရေးဆရာ၊ ပရိုဂျူဆာ တစ်ဦးဖြစ်သူ Herman Li (တရုတ်နာမည် 李康敏) ကို Hong Kong မှာ မွေးဖွားခဲ့ပါတယ်။ အခု လက်ရှိ England နိုင်ငံ၊ London မြို့လေးမှာ နေထိုင်လျက်ရှိပါတယ်။

သူ့ Band ရဲ့ နိုင်ငံတကာမှာ ပေါက်သွားတဲ့ "Inhuman Rampage" အယ်လ်ဘမ်၊ U.S နဲ့ Canadian နိုင်ငံတွေရဲ့ Gold Single သီချင်းဖြစ်တဲ့ "Through the Fire and Flames"၊ သန်းချီ ရောင်းရတဲ့ Video Game "Guitar Hero III - Legends of Rock" တွေမှာ ပါဝင် တီးခတ်ထားသူ ဖြစ်ပါတယ်။ ဒါပေမယ့် Dragon Force ကို ထိပ်ဆုံးနေရာတစ်နေရာ ရောက်အောင်ပို့ပေးလိုက်တဲ့ အယ်လ်ဘမ်ကတော့ "Ultra Beatdown" ဖြစ်ပြီး UK, USA, Canada, Australia, Taiwan, Singapore နိုင်ငံတွေရဲ့ ထိပ်ဆုံး အခွေ ၂၀ထဲမှာ ပါဝင်ကာ၊ Japan နိုင်ငံရဲ့ ထိပ်ဆုံး ၁၀ ခွေ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

Wednesday, June 12, 2013

Internet Connection မြန်အောင်လုပ်နည်း (၂)

လုပ်လိုက်ပြန်ပြီ Internet Connection မြန်အောင်လုပ်နည်း (၂) တဲ့ အရင်ဟာကကော မြန်လို့လားလို့
မမေးကြပါနဲ့ဗျာ :D သိသလောက်ကိုမျှဝေပေးတာပါ  ဆရာကြီးလို အထာကြီးနဲ့ရေးတာမဟုတ်ပါဘူး
အားလုံးနားလည်အောင် ကိုယ်လည်းသိသလောက် လေးတွေကိုမျှဝေထားတာပါ................

အရင်ဆုံးလုပ်ရမှာက Computer Screen ရဲ့ ညာဘက်အောက်ဆုံးထောင့်က မော်နီတာပုံစံလေး  တွေ့ပါလိမ့်မယ် အဲဒါလေးကို Right Click ထောက်ပြီးတော့ Open Network and Sharing Center ကိုကလစ်ပါ
ကျလာတဲ့ box ထဲက ဘယ်ဘက်အခြမ်းထဲမှာ Control Panel Home ဆိုတဲ့ခေါင်းစဉ် အောက်က
Change Adapter Setting ကိုကလစ်ပါ Local Area Connection ဆိုတဲ့ မော်နီတာ နှစ်လုံးထပ်နေတဲ့ပုံလေး
တွေ့ပါလိမ့်မယ် အဲဒါလေးကို Right Click ထောက်ပြီး Properties ကိုဝင်ပါ

Thursday, May 30, 2013

Facebook Account ဖွင့်နည်း

Facebook အကောင့်ဖွင့်နည်းပါ ဆရာအိုင်တီမုဆိုးဆီက ယူလာတာပါ.........

ဒီနေရာမှာ ဒေါင်းကြည့်ပါ အဲမှာ အဆင်မပြေရင် http://youtu.be/wV8HE16P4s8 မှာဝင်ကြည့်လို့ရပါတယ်

ဆရာအိုင်တီမုဆိုးက အသံပါထည့်ပြောထားပါတယ်........

အဆင်ပြေပါစေ..................

Friday, May 17, 2013

Safari Browser မှာမြန်မာဖောင့်မမှန်ရင်...

* , html, body, div,p {
font-family:Zawgyi-One !important;
}

ကျွန်တော်အပေါ်မှာပေးထားတဲ့ ကုဒ်တွေကို Copy လုပ်ထားလိုက်ပြီးရင်

(ကြယ်ပွင့်လေးကစပြီးတော့ အတွန့်ကွင်းထိအကုန်ကူးရမှာနော်)

Window key နဲ့ R ကိုတွဲနှိပ်ပါ

ကျလာတဲ့ Run Box မှာ notepad လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ

ကျလာတဲ့ notepad ထဲမှာ အပေါ်က Copy ကူးထားတဲ့ ကုဒ်တွေကို Paste လုပ်ပါ

ပြီးရင် ဘယ်ဘက်အပေါ်ဆုံးထောင့်က File မှာ Save As ကိုနှိပ်ပါ

နေရာကို Destop ကိုရွေး File name ကို safari.css လို့ပေးလိုက်

Saturday, May 4, 2013

Opera Browser မှာမြန်မာဖောင့်မမှန်ရင်...

Mozilla Firefox မှာပဲ မြန်မာ ဖောင့်မြင်ရတယ် တစ်ခြား Browser တွေမှာ မမြင်ရဘူး

အဲဒါနဲ့ တခြား Browser တွေကိုမသုံးဖြစ်ကြဘူး 

ဒါကြောင့် တခြား Browser တွေပဲသုံးစေချင်လို့ ဒီ post ကိုတင်လိုက်ပါတယ်

Safari Browser အတွက်ကိုလည်း နောက် post တစ်ခုရေးပေးထားပါတယ်

Opera Browser ကိုမြန်မာဖောင့်မြင်ချင်ရင်

Window key နဲ့ R ကိုတွဲနှိပ်ပါ ( Window Key က Ctrl နဲ့ Alt ကြားမှာရှိပါတယ်)  

ကျလာတဲ့ box ထဲမှာ notepad လို့ရိုက်ထည့် Ok ပြောလိုက်နော်

ဒါဆို notepad ကျလာပြီ အဲဒီ notepad ထဲမှာ 

Internet Connection မြန်အောင်လုပ်နည်း (၁)

ဒီအင်တာနက် Connection မြန်အောင်လုပ်နည်းက ဘာ Software မှလည်းမလိုဘူး

လွယ်လည်းလွယ်တယ် လိုက်လုပ်ကြည့်နော်

သိပြီးသားဆိုလဲ.............. :-)

ပုံနဲ့မပြတော့ဘူးနော် လွယ်တယ်

အရင်ဆုံး Ctrl နဲ့ Alt ကြားထဲက Window Key လေး နဲ့ R နဲ့ကိုပေါင်းနှိပ်လိုက်(တွဲနှိပ်ခိုင်းတာ)

ဒါဆို Box တစ်ခုကျလာလိမ့်မယ်

အဲဒီအထဲမှာ gpedit.msc လို့ရိုက်ထည့် ပြီးရင် အောက်က Ok နှိပ်လိုက်................

ဒါဆို Box တစ်ခုထပ်ကျလာမယ်   အဲဒီမှာ အပေါ်ဆုံးကစကြည့်ရင်  ၅ ကြောင်းမြောက် သိလား

Administrative Tamplates ကိုကလစ်လိုက် ညာဘက်က Setting ဆိုတဲ့ခေါင်းစဉ် အောက်က

Network ကို နှစ်ချက်ကလစ်လိုက် ပေါ်လာတဲ့အထဲက ၁၀ ကြောင်းမြောက်   Qos Packet Scheduler

ကိုနှစ်ချက်ကလစ်

ပေါ်လာတဲ့အထဲက ၅ ကြောင်းမြောက် က Limit Reservable Bandwidth ကိုနှစ်ချက်ကလစ်လိုက်

ဒါဆို Box တစ်ခုထပ်ကျလာမယ် အဲဒီမှာ  Limit Reservable Bandwidth  ခေါင်းစဉ်အောက်က

စာသုံးကြောင်းမှာ Enable ကိုပေးလိုက် ပြီးရင် အောက်က Bandwidth Limit (%) ဘေးက

ဂဏာန်းတွေကိုဖျက်ပြီး 0 (သုညနော် ဝလုံးမဟုတ်ဘူး) ကိုထည့်...............

ပြီးရင် အောက်က Apply ကိုနှိပ်ပြီး Ok ကိုနှိပ်

ပြီးရင် ပိတ်လိုက် (ကွန်ပျူတာကိုပိတ်ခိုင်းတာမဟုတ်ဘူးနော် :-P)

ဒါဆို ရပီ..

အဆင်မပြေရင် blackblood612@gmail.com ကိုအပ်ပြီးမေးလို့ရပါတယ်.............



Sunday, April 28, 2013

Gtalk ကရုပ်ပြောင်လေးတွေဒေါင်းချင်ရင်...

G talk မှာရုပ်ပြောင်လေးတွေချက်တဲ့ Software လေးပါ

ဒီနေရာမှာဒေါင်းပါ

အသုံးပြုပုံက  အဲဒါကိုဒေါင်းပြီးရင် Run လိုက် ပြီးသွားရင်

မိမိရဲ့ g talk ရဲ့ထိပ်ဖက်က Setting ကိုကလစ်လိုက်ပါ

အောက်ဆုံးက Appreance ကိုကလစ်ပါ

ပြီးရင် ဒီဘက်က Chat Theme မှာ MyTheme ကိုရွေးပါ ပြီးရင် Ok ပေးလိုက်............

ပြီးရင် မိမိ ထားတဲ့ gtalk အကောင့်ကို ပြန်ပိတ်ပြီးပြန် ဖွင့်လိုက်

ပုံနဲ့ပြပါ့မယ် အစဉ်လိုက်ပြထားပါတယ်

Sunday, April 21, 2013

မိမိရဲ့ သက်တမ်းကုန်ဆုံးရက်ကို ပြောပြမယ့် Death Clock

တကယ်လားတော့မသိဘူး ဖြေတာအတိအကျတွေပဲ အောက်မှာ နေရတော့မယ့် စက္ကန့်ပါပြတယ်ဗျား တစ်စက္ကန့်စီရော့ရော့သွားတယ်


 ဒီနေရာမှာ ဒေါင်းပါ

သုံးနည်းက အဲဒါလေးဒေါင်းပြီးရင်ဖွင့်လိုက်တော့ အောက်က မွေးနေ့တွေထည့်ပြီးတော့

အပေါ်က THE DEATH CLOCK ဆိုတဲ့ နာရီလေးကိုကလစ်ရမှာပါ .....

နှိပ်စရာခလုတ်ပျောက်တတ်လို့ပြောပြတာပါ.................

Friday, April 19, 2013

Android phone တွေအတွက် Application တွေ Game တွေအကုန်အလွယ်တကူ Install ရမယ့် Blackmart Alpha

သုံးရတာလည်းလွယ်တယ် ကောင်းလည်းကောင်းတယ် သူက ရှိပြီးသွား App တွေကိုလည်း version မြှင့်ပေးတယ် ကျွန်တော် တော့ကြိုက်တယ်

ဒီနေရာမှာ ဒေါင်းယူပါ

အသုံးပြုပုံကတော့ blackmar alpha ကိုဒေါင်းထည့်ပြီးလို့ Install လုပ်ပြီးရင် B ဆိုတဲ့ မည်းမည်းလေးပေါ်နေတာတွေ့ရလိမ့်မယ် သူ app က B မည်းမည်းလေး......
အဲဒါကိုဖွင့်ပြီးတော့ ညာဘက်အပေါ်ထောင့်နားက မှန်ဘီလူး  ပုံလေးကို ကလစ်ပြီးတော့ ကြိုက်တဲ့ဂိမ်းတွေ
ကြိုက်တဲ့app တွေ စာရိုက်ရှာလို့ရတယ်

Saturday, April 13, 2013

G talk အကောင့် ကိုဖုန်းနံပါတ်မလိုဘဲ ဖွင့်မယ်

ကျွန်တော်တို့တွေ အကောင့်အသစ်လုပ်ချင်ရင် Mozilla Firefox က www.mail.google.com  မှာသွားလုပ်ကြတယ်မလား ပြီးတော့ အထစ်ထစ်အငေါ့ငေါ့ နဲ့ ဖုန်းနံပါတ်ကတောင်း ဖုန်းနံပါတ်ပေးတော့ သူကမပို့နဲ့ တော်တော် ဒုက္ခရောက်တယ်ဗျ... Flock ကဖွင့်တော့လဲ တစ်ခါတစ်လေ မှ ရချင်မှရတာ......
ဒီတော့ ကျွန်တော်တို့ တစ်ခါမှ မသုံးဘဲ ပစ်ထားတဲ့ Internet Explorer ဆိုတဲ့  e ပုံစံလေးနဲ့ browser  လေးကိုပြန်သုံးရအောင်ဗျာ....... အရင်ကတော့ အဟောင်းကြီး မို့ပစ်ထားပေမယ့်
ခုတော့ အဟောင်းကြီးပဲကောင်းပါတယ် ဖြစ်နေပြီပေါ့နော်
ကဲစမယ် ဘယ်လိုလဲဆိုတော့ ပရိုကဲ ပေါ့ 

ဆိုင်မှာ သုံးသောသူငယ်ချင်းများ အတွက် မိမိ Gtalk User များကျန်မခဲ့အောင် လုပ်နည်း

ဒီနည်းလေးက ဆိုင်မှာသုံးတဲ့သူတွေအတွက် အသုံးဝင်မယ်ထင်လို့ပါ...........

သူငယ်ချင်းတို့ ဆိုင်မှာ G talk သုံးပြီးထွက်သွားရင်  Username နေရာမှာ ကိုယ့်နာမည်ကြီးကျန်ခဲ့မှာ စိုးလို့

ဖျက်ပြီးထွက်သွားရတယ်လေ

ဒါပေမယ့် ဘယ်လောက်ဖျက်ဖျက် regedit မှာပြန်ကြည့်ရင်ပေါ်နေတယ်

ဒါကြောင့် regedit ကဖျက်တဲ့ နည်းလေးကိုတင်ပေးလိုက်ပါတယ်ဗျာ...........

ကဲစကြမယ်..........

>>>  အရင်ဆုံး Window Key  နဲ့  R နဲ့ကို တွဲပြီးနှိပ်ပါ
        ( ဒါမှ မဟုတ်ရင် Start Menu က Run  ဆိုတာလေးကိုသွားလိုက်ပါ)

CD Drive ပျောက်နေရင် ပေါ်အောင်လုပ်နည်း

တစ်ခါတစ်လေ ဗိုင်းရပ်ရှိတဲ့ ခွေထည့်မိလို့ပဲဖြစ်ဖြစ် တခြားဘာကြောင့်ပဲဖြစ်ဖြစ် CD ထည့်တဲ့နေရာက  CD Drive ကြီးတစ်ခုလုံးပျောက်သွားတတ်ပါတယ် ။ အဲဒါလေးကိုဖြေရှင်းနဲ့နည်းလေးပါ လွယ်လွယ်လေးရယ်.......... ပုံနဲ့ပါရှင်းပြပေးပါ့မယ်
ကဲစလိုက်ရအောင်..............
ပထမ ဆုံး     Start  ကနေ  Run ကို သွားပြီး regedit ဆို ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ..... box တစ်ခုကျလာလိမ့်မယ်
အောက်ကပုံကိုကြည့်ပါ.........

အဲဒီ box လေးကျလာရင်  သုံးခုမြောက်ပေါ့ HKEY_LOCAL_MACHINE ဆိုတဲ့စာတန်းလေးရဲ့ ဘယ်ဘက်ဘေးက မြှားလေးကို ကလစ်လိုက်......ဒါဆို အောက်ကအတိုင်းတွေ့ရမှာပါ

Destop ပေါ်က Icon လေးတွေ ခုန်နေမယ့် Software

ဒီ ဆော့ဖ်ဝဲ လေးကို ကျွန်တော့်ကတော့ ကြိုက်တယ်...... Destop ပေါ်က Icon လေးတွေကို ကြိုက်သလို ရွှေ့နိုင်တယ်
သွားပြီးထိလိုက်ရင်လည်း ခုန်နေရော.... Destop ကိုတစ်မျိုးအလှဆင်နည်းလေးပေါ့
ဆော့ဖ်ဝဲနာမည်က DesktopIconToy ပါ......(သိပြီးသားဆိုလည်း ပီးရော ......ဟီး ....  )
ဒီမှာ  ဒေါင်းပါ.......
အသုံးပြုပုံကတော့ သူ့ကို Install လုပ်ပြီးတာနဲ့ Destop ပေါ်က Icon လေးတွေပုံစံပြောင်းသွားပါလိမ့်မယ်
အောက်ကပုံကိုကြည်ပါ


အဲဒါသွင်းပြီးပြီးချင်း သာမာန်ပုံပါ.........
ပြီးရင် Destop ရဲ့ နေရာလွတ်တစ်ခုမှာ mouse က left click ကို ဖိပြီးတော့ အပေါ်တွန်းကြည့်လိုက် ပြီးရင်ပြန်လွှတ်ပေးလိုက်
အောက်ကလိုဖြစ်သွားမှာပါ

ပြီးရင် ခုဏလိုပဲ အောက်ကိုဆွဲချကြည့်အောက်ရောက်သွားလိမ့်မယ် ညာဘက်တွန်းကြည့်ရင် ညာဘက်ရောက်သွားရော
ကျွန်တော်တင်ပေးလိုက်တာကတော့ဒါပါပဲ
ကဲကိုယ့်ဘာသာကိုယ်  Destop လေးကို စိတ်ကြိုက် အလှဆင်ကြပေါ့နော်
မကြိုက်ရင်လဲ Uninstall လုပ်လိုက်လို့ရပါတယ် ဒါဆိုပုံမှန်ပြန်ဖြစ်သွားမှာပါ
ကျေးဇူးတင်ပါတယ် အဆင်ပြေပါစေ.........................