Musician များရဲ့ Biography များ Software နှင့် နည်းပညာများ ဂီတနှင့်နည်းပညာ ချစ်မြတ်နိုးသူများကို ကြိုဆိုပါတယ်

Sunday, August 18, 2013

Slipknot Drummer Joey Jordison's Biography

ကမ္ဘာကျော် Nu Metal တီးဝိုင်း Slipknot ရဲ့ ဒရမ်သမား Joey Jordison ပါ..
သူဟာ 1975 ခုနှစ် ဧပြီ လ 26 ရက်နေ့မှာ မွေးခဲ့တာမို့ အခုဆိုရင် အသက် 38 နှစ်ရှိပါပြီ။ သူ့ကို Iowa ပြည်နယ်၊ အမေရိကန်မှာ မွေးဖွားခဲ့ပြီး သူ အသက် 8 နှစ်အရွယ်မှာဘဲ ကိုယ်ပိုင် ဒရမ်စက် တစ်ခု ကို ပိုင်ဆိုင်ခဲ့ပါပြီ။ သူဟာ Drummer, သီချင်းရေးဆရာ၊ လိဒ် ဂီတာသမား စတယ့် နယ်ပယ်အစုံမှာ ကျင်လည်နေဆဲပါ။

Slipknot ရဲ့ သီချင်းတွေကို အဖွဲ့သားအချို့ ပေါင်းပြီး ရေးထားတာ ဖြစ်ပြီး အဲဒီလူတွေထဲမှာ Joey#1 လဲ ပါပါတယ်။ နောက်ပြီး သူဟာ Band ပေါင်းစုံမှာ ဒရမ်တီးခတ်ပေးခဲ့ဖူးပြီး ကမ္ဘာကျော် တီးဝိုင်း Murderdolls မှာလဲ လိဒ်ဂီတာသမား အဖြစ် ကျင်လည်ဖူးပါတယ်။ နောက်ပြီး Metallica, Korn တီးဝိုင်းတွေမှာလဲ ဒရမ်သမား အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။

သူ အသက် 20 အရွယ်မှာတင် ဒီနေ့ Slipknot အမည်တွင်လာမယ့် Pale Ones ဘန် ကို ဝင်ရောက်လာခဲ့ပါတယ်။

ွှTiming, Tempo အမျိုးမျိုးကို သီချင်းတပုဒ်ထဲမှာ ထည့်သွင်းလေ့ရှိတယ့် Slipknot သီချင်းတွေကို သူ အံဝင်ခွင်ကျ ဖြစ်အောင် တီးနိုင်ခဲ့ပါတယ်။ သူ အနေနဲ့ အရိုးဆုံးနှင့် အကောင်းဆုံးဖြစ်အောင် ဒရမ် beats တွေကို တီးခတ်လေ့ရှိပါတယ်။ ဘော်ဒါတို့အနေနဲ့ Heretic Anthem သီချင်းနဲ့ Sulfur သီချင်းတွေကို နားဆင်ကြည့်ရင် သူ့ရဲ့ လက်ရာတွေကို မြင်နိုင်မှာပါ။

သူ ဟာ ကမ္ဘာပတ်ဖျော်ဖြေပွဲ တစ်ခု မစမှီ အူအတက်ပေါက်လို့ 1 နာရီကျော်လောက် ကုသခဲ့ရပေမယ့် ရှိုးပွဲမပျက်အောင် ပါဝင်ပေးခဲ့ပါတယ်။ နောက်ပြီး သူဟာ Jesus Christ ပုံစံ မျက်နှာဖုံး၊ ဆူးပေါင်းတွေ တပ်ဆင်ပြီး တီးတယ့် ဒရမ်သမား လို့ လူသိများပါတယ်။

သူ့ရဲ့ ဒရမ် ဆိုလို ကို နားထောင်ကြည့်ပါ။ အရှင်းဆုံး နဲ့ အကောင်းဆုံး ပါလို့ ကျွန်တော်ကတော့ လက်ခံထားပါတယ်

http://www.youtube.com/watch?v=tUibKh0Z--c&list=PL8D02DBBC93311220

No comments:

Post a Comment