ဂျင်မ် ရု ဟာ ဆိုရင်ဖြင့် Slipknot တီးဝိုင်းမှာ Mike Thompson နဲ့ အတူ ပူးတွဲတီးခတ်တယ့် လိဒ်ဂစ်တာ သမား ဖြစ်ပါတယ်.။ သူ ဟာ အခု ဆိုရင် အသက် 41 နှစ် ရှိပြီး Vocalist Corey Taylor နဲ့ အတူ မက်တယ် ဘန် Slipknot, Alter Rock Band..Stone Sour တို့မှာ ပါဝင် တီးခတ်နေတာပါ။
သူဟာ အသက် 28 နှစ်အရွယ် မှာ Slipknot ဘန့် ကို ဝင်ရောက်လာခဲ့ပြီး အဲဒါမတိုင်ခင်ကတော့ ပန်ကန်ဆေး အလုပ်သမား၊ ဝိတ်တာ၊ အစရှိတယ့် ဘဝကို ခက်ခဲစွာ ရင်ဆိုင်ခဲ့ရတာပါ။
ဘန့် မန်ဘာ အချို့တွေ က Slipknot သီချင်းတွေကို ပူးပေါင်းရေးစပ်ထားတာ ဖြစ်ပြီး အဲဒီထဲမှာ ဒရမ်မာ ဂျိုယေး၊ ယခု လိဒ်သမား ဂျင်ရု တို့ ပါဝင်ပါတယ်။ သူဟာ Slipknot Vocalist တေလာ ထောင်ထားတယ့် အော်တာ ဘန့် Stone Sour မှာ လဲ ဂီတာ တီးပါတယ်။ ဒါပေမယ့် သူ အဓိက တာဝန်ယူတာ က Rhythm ဂီတာ နဲ့ Second Guitar ပါ။။ All Hope is Gone အယ်လ်ဘမ်မှာတော့ သူ ဟာ လိဒ် တီးဟန်တွေကို အဓိက စီစဉ်ပေးခဲ့သူပါ။

No comments:
Post a Comment