ဒီနည်းလေးက ဆိုင်မှာသုံးတဲ့သူတွေအတွက် အသုံးဝင်မယ်ထင်လို့ပါ...........
သူငယ်ချင်းတို့ ဆိုင်မှာ G talk သုံးပြီးထွက်သွားရင် Username နေရာမှာ ကိုယ့်နာမည်ကြီးကျန်ခဲ့မှာ စိုးလို့
ဖျက်ပြီးထွက်သွားရတယ်လေ
ဒါပေမယ့် ဘယ်လောက်ဖျက်ဖျက် regedit မှာပြန်ကြည့်ရင်ပေါ်နေတယ်
ဒါကြောင့် regedit ကဖျက်တဲ့ နည်းလေးကိုတင်ပေးလိုက်ပါတယ်ဗျာ...........
ကဲစကြမယ်..........
>>> အရင်ဆုံး Window Key နဲ့ R နဲ့ကို တွဲပြီးနှိပ်ပါ
( ဒါမှ မဟုတ်ရင် Start Menu က Run ဆိုတာလေးကိုသွားလိုက်ပါ)
>>> ကွန်ပျူတာရဲ့ ဘယ်ဘက်အောက်ဆုံးထောင့်မှာ Box တစ်ခုကျလာမယ်ဗျ
အဲဒီ အထဲမှာ regedit ကို ရိုက်ထည့်ပါ အောက်ကပုံကိုကြည့်ပါ အဲဒီအတိုင်းမြင်ရမှာပါ
>>> ပြီးရင် Enter ခေါက်လိုက်ပါ
Box တစ်ခု ထပ်ကျလာပါလိမ့်မယ်
ဘယ်ဘက်က ထိပ်ဆုံးမှာ Computer ဆိုတာတွေ့ပါလိမ့်မယ် သူ့အောက်မှာ Folder ငါးခုရှိတယ်
ဒုတိယမြောက် Flolder ဖြစ်တဲ့ HKEY_CURRENT_USER ဘေးကမြှားလေးကို ကလစ်လိုက်
ပြီးရင် ကျလာတဲ့ အထဲက အောက်ဆုံးက ပြန်ကြည့်ရင် သုံးခုမြောက် Software ဆိုတဲ့ Folder လေးရဲ့ဘေးက မြှားလေးကိုကလစ်လိုက်........ ပြီးရင် ထပ်ကျလာတဲ့အထဲက Google ဆိုတာ ကို လိုက်ရှာကြည့် တွေ့ရင် သူ့ဘေးက မြှားလေးကို ထပ်ကလစ်လိုက် ဟီးးး ကလစ်ရတာများလာလို့ စိတ်ညစ်မလာနဲ့နော် ရောက်တော့မယ်........... :P ကဲ အဲဒီ Google အောက်က ကျလာတဲ့ အထဲက
Google Talk ကိုလိုက်ရှာ ပြီးတော့ ဘေးကမြှားလေးကို ကလစ်လိုက်ပါ.... ပြီးရင် အောက်က ထပ်ကျလာတဲ့ အထဲက Account ဘေးကမြှားလေးကို ထပ်ကလစ်လိုက်ပါ အောက်မှာ အကောင့်တွေ ထွက်လာပါလိမ့်မယ်
ခုဏ အစ်ကို အစ်မ တို့သုံးခဲ့တဲ့ အကောင့်လေးပါ ပါလိမ့်မယ် တွေ့ရင် ကိုယ့်အကောင့်ကိုဖျက်ခဲ့ပေါ့
တကယ်လို့ သူများအကောင့်တွေပါ သိသွားမှာ စိုးရင် အကုန်ဖျက်ခဲ့ပေါ့.......... အဲလိုဖျက်ပြီးရင် ( အဲ ဖျက်နည်းက ပေါ်နေတဲ့အကောင့် ဥပမာ blackblood612@gmail.com အဲလိုပေါ်နေရင် Right Click ထောက်ပြီးတော့ Delete ကိုနှိပ်ပါ ) ပြီးရင် အပေါ်က Account ကိုပြန်ကလစ်လိုက် ညာဘက်ကိုကြည့်လိုက်ပါ o ဆိုတဲ့ ဟာလေးကို တွေ့ပါလိမ့်မယ် အဲဒါလေးကို ကလစ်လိုက် Box တစ်ခုကျလာလိမ့်မယ်.......Value Data ထဲက အကောင့်တွေကို အကုန်ဖျက်လိုက်ပါ....ပြီးရင် Ok ပြောလိုက်ပြီးရင် ပြန်ထွက်လိုက်တော့..........
ဒါဆိုပြီးပြီ ကိုယ့်အကောင့်လေး ကျန်မခဲ့တော့ဘူးပေါ့
ဒီစာလေးက ကောင်မလေး ချောချောလေးတွေ အတွက်ပါ
ဘာလို့ဆိုတော့ ဆိုင်ကကောင်တွေက အဲကောင်မလေး သုံးနေတုန်း ကွန်ပျူတာ နံပါတ်ကို မှတ်ထားပြီး တော်ကြာကောင်မလေးပြန်ရင် သွားပြီးတော့ regedit ကိုဖွင့်ကြည့်ပြီး အပ်တော့တာပေါ့
ကဲ.......အဲလိုဆိုင်က မကောင်းဆိုးဝါး အုတ်ကြားမြက်ပေါက် အစုတ်ပလုတ် အပေအတေ သူတောင်းစား
တွေနဲ့ မတွေ့ရလေအောင် ဒီနည်းလေးကို သုံးလိုက်ပါဗျာ..........
ကျေးဇူးတင်ပါတယ်............................
No comments:
Post a Comment