Musician များရဲ့ Biography များ Software နှင့် နည်းပညာများ ဂီတနှင့်နည်းပညာ ချစ်မြတ်နိုးသူများကို ကြိုဆိုပါတယ်

Sunday, August 18, 2013

Synyster Gates Biography





Synyster Gates ..............
Synyster Gates ကတော့ကျွန်တော့်ရဲ့ အကြိုက်ဆုံး Guitarist တစ်ယောက်ပါ
Rock and Roll သမိုင်းကြောင်းရဲ့New Generation Guitarist တွေထဲက အကောင်းဆုံးသူတွေကို ပြောပါလို့မေးလာလျှင် ကျနော်တို့ဖြေမယ့်အဖြေထဲမှာ Synyster Gates ဆိုတဲ့ နာမည်ပါလာလျှင် ငြင်းမယ့်လူမရှိဘူးလို့ထင်ပါတယ်။

Slipknot Drummer Joey Jordison's Biography

ကမ္ဘာကျော် Nu Metal တီးဝိုင်း Slipknot ရဲ့ ဒရမ်သမား Joey Jordison ပါ..
သူဟာ 1975 ခုနှစ် ဧပြီ လ 26 ရက်နေ့မှာ မွေးခဲ့တာမို့ အခုဆိုရင် အသက် 38 နှစ်ရှိပါပြီ။ သူ့ကို Iowa ပြည်နယ်၊ အမေရိကန်မှာ မွေးဖွားခဲ့ပြီး သူ အသက် 8 နှစ်အရွယ်မှာဘဲ ကိုယ်ပိုင် ဒရမ်စက် တစ်ခု ကို ပိုင်ဆိုင်ခဲ့ပါပြီ။ သူဟာ Drummer, သီချင်းရေးဆရာ၊ လိဒ် ဂီတာသမား စတယ့် နယ်ပယ်အစုံမှာ ကျင်လည်နေဆဲ

New album ထွက်ဖို့အတည်ပြုလိုက်တဲ့ Avenged Sevenfold

Avenged Sevenfold (or) A7X ... ဒီ band ကိုတော့ ရော့ခ်သမားတိုင်းလိုလို သိမယ်ထင်ပါတယ်။ 2010 ခုနှစ်မှာ ထွက်ခဲ့တဲ့ Nightmare album ကတော့ Billboard 200 မှာ No.1 ချိတ်ခဲ့ပီးတဲ့နောက်မှာတော့ ... ယခုတဖန် AX7 ထွက်ရှိမည့် new Album နာမည်နဲ့ ရက်စွဲကို ထပ်မံကြေညာလိုက်ပါပီး။ 6 ခွေမြောက် studio album ရဲ့နာမည်ကတော့ " Hail to the King " ဖြစ်ပီး August 27 ရက်နေ့မှာ စတင်ဖြန့်ဝေမှာဖြစ်ပါတယ်။
ထူးထူးခြားခြား ဒီ album ကတော့ 2009 ခုနှစ်မှာ ကျနော်တို့အားလုံးကို စွန့်ခွာသွား တဲ့ The Rev ရဲ့အငွေ့အသက်တွေ ဒီ album မှာ ကင်းစင်နေမှာဖြစ်ပါတယ်။
The Rev နေရာ အစားဝင်လာတဲ့ Arin Ilejay အတွက်ကတော့ ဒီ Album ကတော့ AX7 နဲ့ပထမဆုံးထွက်မည့် Album ဖြစ်ပါတယ်။
ရင်ခုန်စွာနဲ့စောင့်မျှော်လိုက်ကြရအောင်.....

အမြည်းလေးနားထောင်ကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်....
http://www.youtube.com/watch?v=pSBUvVIzEQU

Jim Root Biography

ဂျင်မ် ရု ဟာ ဆိုရင်ဖြင့် Slipknot တီးဝိုင်းမှာ Mike Thompson နဲ့ အတူ ပူးတွဲတီးခတ်တယ့် လိဒ်ဂစ်တာ သမား ဖြစ်ပါတယ်.။ သူ ဟာ အခု ဆိုရင် အသက် 41 နှစ် ရှိပြီး Vocalist Corey Taylor နဲ့ အတူ မက်တယ် ဘန် Slipknot, Alter Rock Band..Stone Sour တို့မှာ ပါဝင် တီးခတ်နေတာပါ။

သူဟာ အသက် 28 နှစ်အရွယ် မှာ Slipknot ဘန့် ကို ဝင်ရောက်လာခဲ့ပြီး အဲဒါမတိုင်ခင်ကတော့ ပန်ကန်ဆေး အလုပ်သမား၊ ဝိတ်တာ၊ အစရှိတယ့် ဘဝကို ခက်ခဲစွာ ရင်ဆိုင်ခဲ့ရတာပါ။

ဘန့် မန်ဘာ အချို့တွေ က Slipknot သီချင်းတွေကို ပူးပေါင်းရေးစပ်ထားတာ ဖြစ်ပြီး အဲဒီထဲမှာ ဒရမ်မာ ဂျိုယေး၊ ယခု လိဒ်သမား ဂျင်ရု တို့ ပါဝင်ပါတယ်။ သူဟာ Slipknot Vocalist တေလာ ထောင်ထားတယ့် အော်တာ ဘန့် Stone Sour မှာ လဲ ဂီတာ တီးပါတယ်။ ဒါပေမယ့် သူ အဓိက တာဝန်ယူတာ က Rhythm ဂီတာ နဲ့ Second Guitar ပါ။။ All Hope is Gone အယ်လ်ဘမ်မှာတော့ သူ ဟာ လိဒ် တီးဟန်တွေကို အဓိက စီစဉ်ပေးခဲ့သူပါ။

Herman Li Biography

Grammy ဆုရ Metal ဝိုင်းတစ်ဝိုင်းဖြစ်တဲ့ Dragon Force ရဲ့ ဂစ်တာသမား၊ တေးရေးဆရာ၊ ပရိုဂျူဆာ တစ်ဦးဖြစ်သူ Herman Li (တရုတ်နာမည် 李康敏) ကို Hong Kong မှာ မွေးဖွားခဲ့ပါတယ်။ အခု လက်ရှိ England နိုင်ငံ၊ London မြို့လေးမှာ နေထိုင်လျက်ရှိပါတယ်။

သူ့ Band ရဲ့ နိုင်ငံတကာမှာ ပေါက်သွားတဲ့ "Inhuman Rampage" အယ်လ်ဘမ်၊ U.S နဲ့ Canadian နိုင်ငံတွေရဲ့ Gold Single သီချင်းဖြစ်တဲ့ "Through the Fire and Flames"၊ သန်းချီ ရောင်းရတဲ့ Video Game "Guitar Hero III - Legends of Rock" တွေမှာ ပါဝင် တီးခတ်ထားသူ ဖြစ်ပါတယ်။ ဒါပေမယ့် Dragon Force ကို ထိပ်ဆုံးနေရာတစ်နေရာ ရောက်အောင်ပို့ပေးလိုက်တဲ့ အယ်လ်ဘမ်ကတော့ "Ultra Beatdown" ဖြစ်ပြီး UK, USA, Canada, Australia, Taiwan, Singapore နိုင်ငံတွေရဲ့ ထိပ်ဆုံး အခွေ ၂၀ထဲမှာ ပါဝင်ကာ၊ Japan နိုင်ငံရဲ့ ထိပ်ဆုံး ၁၀ ခွေ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။