Musician များရဲ့ Biography များ Software နှင့် နည်းပညာများ ဂီတနှင့်နည်းပညာ ချစ်မြတ်နိုးသူများကို ကြိုဆိုပါတယ်

Saturday, April 13, 2013

G talk အကောင့် ကိုဖုန်းနံပါတ်မလိုဘဲ ဖွင့်မယ်

ကျွန်တော်တို့တွေ အကောင့်အသစ်လုပ်ချင်ရင် Mozilla Firefox က www.mail.google.com  မှာသွားလုပ်ကြတယ်မလား ပြီးတော့ အထစ်ထစ်အငေါ့ငေါ့ နဲ့ ဖုန်းနံပါတ်ကတောင်း ဖုန်းနံပါတ်ပေးတော့ သူကမပို့နဲ့ တော်တော် ဒုက္ခရောက်တယ်ဗျ... Flock ကဖွင့်တော့လဲ တစ်ခါတစ်လေ မှ ရချင်မှရတာ......
ဒီတော့ ကျွန်တော်တို့ တစ်ခါမှ မသုံးဘဲ ပစ်ထားတဲ့ Internet Explorer ဆိုတဲ့  e ပုံစံလေးနဲ့ browser  လေးကိုပြန်သုံးရအောင်ဗျာ....... အရင်ကတော့ အဟောင်းကြီး မို့ပစ်ထားပေမယ့်
ခုတော့ အဟောင်းကြီးပဲကောင်းပါတယ် ဖြစ်နေပြီပေါ့နော်
ကဲစမယ် ဘယ်လိုလဲဆိုတော့ ပရိုကဲ ပေါ့ 

ကဲကဲ တကယ်စမယ် စာတွေရှည်နေတော့ ဖတ်တဲ့သူတွေစိတ်ညစ်နေလို့ Like လေးတောင် မရဖြစ်နေဦးမယ် ပြောမှဖြစ်တော့မယ်

လုပ်နည်းကဒီလိုဗျ
Internet Explorer ကိုဖွင့်လိုက်ပါ ပြီးရင် www.mail.google.com ကိုရိုက်ထည့်ပြီး ညာဘက် အပေါ်ဆုံးထောင့်မှာ Create an account  ကို နှိပ်ပါ ( တစ်ခါတစ်လေ အဲဒီထောင့်မှာ Sign In ပေါ်နေတယ် ပေါ်နေရင် ပေါ်တာသာနှိပ် ပြောတဲ့ ရောက်တယ် )
ပြီးရင် Name နေရာမှာ ရှေ့ အကွက်မှာ မိမိ နာမည် က Sat Naung ဆိုရင်  ရှေ့အကွက်မှာ  Sat ကိုထည့် နောက်အကွက်မှာ Naung ကိုထည့်ပေါ့ ဒီအဆင့်တွေသိနေရင် ကျော်ပြီးဖတ်လို့ရပါတယ် ကျွန်တော် က အကောင့်မလုပ်တတ်သေးတဲ့ သူတွေအတွက် အကုန်ရေးပေးတာပါ

ခုဏလို နာမည်ထည့်ပြီးရင် အောက်က Choose your username မှာ ကိုယ် အကောင့်လုပ်မယ့်နာမည်ထည့်ပေါ့.......... ဟိုလေ...... ဥပမာ လုပ်မယ့်နာမည်က blcakblood612 ဆိုရင် blackblood612 ချည်းပဲမထည့်ရဘူးနော် blackblood612@gmail ပါထည့်ရမယ်
ပြီးရင်နောက်တစ်ဆင့်က Create a passward နေရာမှာ ကိုယ်ထားမယ့် passward ထည့်ပေါ့
passward ထည့်တဲ့နေရာမှာ ဂဏာန်းတွေကိုဖြစ်နိုင်ရင်မထည့်စေချင်ဘူး စာသားပဲထည့်ရင်ပိုကောင်းမယ်
ပြီးရင် Confirm your passward မှာ ခုဏ အပေါ်ကရိုက်တဲ့ passward ပဲပြန်ရိုက်ထည့်လိုက်ပေါ့
Birthday မှာ ကိုယ့်မွေးနေ့ရွေးထည့်လိုက်.....ပြီးရင် Gender မှာ Male .. Female နဲ့ Other ရှိတယ် ယောကျ်ားလေးဆိုရင်တော့ Male မိန်းကလေးဆိုရင်တော့ Female အခြောက်ကြီးဆိုရင်တော့ Other ပေါ့ နော် ခိခိ....... Mobile phone နေရာမှာ ဘာမထည့်နဲ့ ယောင်လို့တောင်သွားမထောက်နဲ့
your current email adress နေရာမှာ သူငယ်ချင်းအကောင့်တစ်ခုခုထည့်လိုက်ပေါ့
ကိုယ့်ခုလုပ်မယ့်အကောင့်တော့ ပြန်မထည့်ရဘူးနော်
ပြီးရင် Prove you`re not a robot အောက်မှာ အမှန်ခြစ်မတပ်နဲ့ အောက်ကစာလေးကို မှန်အောင်ရိုက်ထည့်
သူက စာကိုနှစ်စုခွဲထားတယ်....... ပထမ တစ်ခုရေးပြီးရင် Space Bar ခြားပြီးမှ နောက်တစ်ခု ကိုရေး
ဆက်တိုက်ရေးလိုက်ရင် မရတော့ဘူး ပြီးရင်အောက်က Location ကိုမပြောင်းနဲ့ ပြီးရင် I agree to the Google  Terms of Service and Privicy Policy မှာ အမှန်ခြစ်ပေး အောက်က တစ်ခုပါ အမှန်ခြစ်ပေးလိုက်
ပြီးရင် Next Step ကိုနှိပ်လိုက်တော့ ဒါဆိုခဏစောင့် ပြီးရင် Continued your ဘာလဲ မသိဘူး ပေါ်လာလိ်မ့်မယ် ဟီးကျွန်တော်လဲမေ့နေပြီ  ပြန်စာလေးပေါ့ဗျာ အဲဒါလေးပြန်လာရင် အကောင့်ရပြီပေါ့
 အဲဒီနည်းလေးက တစ်နေ့ကို အကောင့် ၄ ခု ၅ ခု လောက်ဖွင့်လို့ရပါတယ်...........
 ဒီနည်းလေးကို အဟောင်းကြီးပဲကောင်းပါတယ် နည်းလို့ခေါ်ပါတယ် ဟီးးးးး
အကောင့်များ ရကြပါစေ

ကလေးတွေလည်း အကောင့်တွေလုပ်ပြီးရောင်းစားလို့ရပါတယ်
ဝင်ငွေရှာနည်းလေးပေါ့ ဟိဟိ
ကျေးဇူးတင်ပါတယ်.................  နားမလည်ရင် blackblood612@gmail.com ကို အပ်ပြီး မေးမြန်းနိုင်ပါတယ်ဗျာ..........

 

No comments:

Post a Comment