Musician များရဲ့ Biography များ Software နှင့် နည်းပညာများ ဂီတနှင့်နည်းပညာ ချစ်မြတ်နိုးသူများကို ကြိုဆိုပါတယ်

Friday, May 17, 2013

Safari Browser မှာမြန်မာဖောင့်မမှန်ရင်...

* , html, body, div,p {
font-family:Zawgyi-One !important;
}

ကျွန်တော်အပေါ်မှာပေးထားတဲ့ ကုဒ်တွေကို Copy လုပ်ထားလိုက်ပြီးရင်

(ကြယ်ပွင့်လေးကစပြီးတော့ အတွန့်ကွင်းထိအကုန်ကူးရမှာနော်)

Window key နဲ့ R ကိုတွဲနှိပ်ပါ

ကျလာတဲ့ Run Box မှာ notepad လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ

ကျလာတဲ့ notepad ထဲမှာ အပေါ်က Copy ကူးထားတဲ့ ကုဒ်တွေကို Paste လုပ်ပါ

ပြီးရင် ဘယ်ဘက်အပေါ်ဆုံးထောင့်က File မှာ Save As ကိုနှိပ်ပါ

နေရာကို Destop ကိုရွေး File name ကို safari.css လို့ပေးလိုက်


ပြီးရင် Save ကိုကလစ်လိုက်တော့ ပြီးသွားရင်

Safari Browser ကိုဝင်လိုက်

ညာဘက်အပေါ်ဆုံးထောင့်က မူလီလေးကိုကလစ်လိုက် အောက်နားက Preferences ကိုကလစ်လိုက်

ကျလာတဲ့ box ထဲက ညာဘက်အစွန်ဆုံးက Advanced ကိုကလစ်လိုက်

Style Sheet မှာ Other ကိုရွေးပြီးတော့ ခုဏ save ထားတဲ့ Destop ပေါ်က safari.css ကိုရွေးပေးလိုက်

ဒါဆို မြန်မာဖောင့်မြင်ပြီ........................

No comments:

Post a Comment