Musician များရဲ့ Biography များ Software နှင့် နည်းပညာများ ဂီတနှင့်နည်းပညာ ချစ်မြတ်နိုးသူများကို ကြိုဆိုပါတယ်

Sunday, August 18, 2013

Synyster Gates Biography





Synyster Gates ..............
Synyster Gates ကတော့ကျွန်တော့်ရဲ့ အကြိုက်ဆုံး Guitarist တစ်ယောက်ပါ
Rock and Roll သမိုင်းကြောင်းရဲ့New Generation Guitarist တွေထဲက အကောင်းဆုံးသူတွေကို ပြောပါလို့မေးလာလျှင် ကျနော်တို့ဖြေမယ့်အဖြေထဲမှာ Synyster Gates ဆိုတဲ့ နာမည်ပါလာလျှင် ငြင်းမယ့်လူမရှိဘူးလို့ထင်ပါတယ်။

၁၉၈၁ ခုနှစ် ဂျူလိုင်လ ၇ရက်နေ့မှာ လူ့လောကထဲစတင်ရောက်ရှိလာတဲ့ ဒီ Guitarist ရဲ့နာမည်အရင်းက " Brian Elwin Haner, Jr. " ပါ ။ ဒါပေမယ့် သူ့ကို စဉ်ပေါ်ရောက်လာရင် ခေါ်ကြတာက Synyster Gates ၊ ရိုးရိုးရှင်းရှင်းခေါ်ကြတာ ( ကျနော်တို့အသုံးများတာက ) Syn ......... ထွေထွေထူးထူးမိတ်ဆတ်ပေးစရာမလိုဘူးထင်ပါတယ်... သူက American Musician , Avenged Sevenfold band ရဲ့ Lead Guitarist တယောက်ဖြစ်မှန်း Rock And Roll နှစ်သက်တဲ့သူတိုင်းလိုလို သိကြပါတယ်။Schecter guitar အမျိုးမျိုးရှိပေမယ့် သူနှစ်သက် သဘောအကျဆုံး Guitar က အမဲပေါ်က အစင်းကြား လေးတွေ ရေးဆွဲထားတဲ့ Schecter လေးပဲ ဖြစ်ပါတယ်။ သူဟာ Jazz နဲ့Classical ဂီတာ အပိုင်းကို ငယ်စဉ်ကတည်းက သင်ကြားခဲ့တာဖြစ်ပါတယ်။ တစ်ရက်တော့ သူ့ဆီကို ငယ်ပေါင်း သူငယ်ချင်းဖြစ်တဲ့ The Rev ဟာ သူ့ရဲ့Band မှာ Lead Guitarist အဖြစ်လာရောက်ပူးပေါင်းဖို့ဖိတ်ကြားလာပါရော.... Syn အတွက်တော့ ရေငတ်သူရှေ့ဘီယာလာချပေးတလို ပဲပေါ့ဗျာ... ချက်ချင်းပဲ မဆိုင်းမတွ လက်ခံလိုက်ပါတယ်... ဒါနဲ့ပဲသူဟာ studio musician တယောက်ဖြစ်လာခဲ့ပါလေရော...ပညာရေးကလဲ တဖက်ပေါ့ဗျာ.. ဒီလိုနဲ့သူဟာ ပညာရေးတဖက်နဲ့ဂီတ စာအုပ်တွေလေ့လာရင်း Music Video တွေကြည့်ရင်းနဲ့သူ့ရဲ့ဝါသနာ ဂီတာတီး ပညာကို လိုက်စားခဲ့ပါတယ်။ ... ဒီလိုနဲ့......
၁၉၉၉ ခုနှစ်မှာတော့ သူရော သူ့ရဲ့ငယ်ပေါင်းကြီး The Rev ရော Avenged Sevenfold band နဲ့ဆက်သွယ်မိပီး ပူးပေါင်းခဲ့ကြပါလေရော.. ဒါပေမယ့်အဲ့ဒီအချိန်မှာ Syn ရဲ့အသက်ဟာ ၁၈ နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် သူတို ရဲ့ကြိုးစားမှုတွေကို 2001 ခုနှစ်မှာ စတင်ခံစားလာရပါတယ်.. 2001 ခုနှစ် ဂျူလိုင် ၂၄ ရက်နေ့မှာ AX7 ( Avenged Sevenfold ) band ရဲ့ပွဲဦးထွက် အလ်ဘမ် Sounding the Seventh Trumpet album လေးထွက်ရှိလာခဲ့ပါတယ်။ Syn အတွက်ထူးခြားမှုကတော့ ဒီ album ရဲ့ Warmness on the Soul သီချင်းမှာ syn ဟာ သူ့ရဲ့ပထမဦးဆုံး features ဝင်ဆိုထားပေးတာ ဖြစ်ပါတယ်။ နောက်ထပ်ထူးခြားမှုတခုက ဒီ album မှာ Heavy Metal version ကို အဓိက ပေါ်လွင်အောင် Intro " To End the Rapture " ကိုနားထောင်တာနဲ့သိနိုင်မှာဖြစ်ပါတယ်။ဒီလိုနဲ့syn ဟာ AX7 band နဲ့အတူ 2003 ခုနှစ် August 26 ရက်နေ့မှာ Waking the Fallen album , 2005 ခုနှစ် June 6 ရက်နေ့မှာ City of Evil album , 2010 ခုနှစ် July 27 ရက်နေ့မှာ Nightmare album တို့ကို ထွက်ရှိခဲ့ပါတယ်။ syn ဟာ "I Won't See You Tonight part 1", "Beast and the Harlot" နဲ့ "Sidewinder" သီချင်းတွေမှာ Piano ကို ဝင်ရောက်တီးခပ်ပေးခဲ့ပါတယ်။ AX7 ရဲ့ All Excess DVD ထွက်ပီးနောက်မှာတော့ Syn ဟာ 2006 Metal Hummer ပွဲ လူအကြိုက်အများဆုံး Guitarist ဆု ၊ Young Shredder ဆု အပြင် Total Guitar Magazine မှချီးမြင့်တဲ့"Guitarist of the Year " ဆုပါ သိမ်းပိုက်နိုင်လောက်တဲ့အထိ အောင်မြင်မှုအမြောက်အများကို စွတ်ခူးခဲ့ပါတယ်။
ဒီလိူနဲ့Revolver magazine ရဲ့တည်းဖြတ်မှုကိုရယူပီး Nightmare album ကို 2010 ခုနှစ်မှာ အောင်မြင်စွာ ထုတ်ဝေခဲ့ပါတယ်။ syn အတွက် ဒီ album မှာ ဆုံးသွားတဲ့ သူ့ရဲ့အဖိုးကို ရည်ညွန်းပီး " So Far Away " ဆိုတဲ့ သီချင်းကို ကိုယ်တိုင်ရေးခဲ့ပေမယ့်.. တကယ့်တကယ် Album ထွက်တော့ အဲ့ဒီ သီချင်းဟာ 2009 ခုနှစ် December မှာဆုံးသွားတဲ့ သူ့ရဲ့အကောင်းဆုံး ငယ်ပေါင်း သူငယ်ချင်းကြီး The Rev အတွက်ဖြစ်မှန်းမသိ ဖြစ်သွားခဲ့ပါတယ်... 2011 ခုနှစ် April 11 ရက်နေ့မှာတော့ သူ့ဘဝရဲ့ ပန်းတိုင် the Revolver Golden God ဆုနဲ့ အခြားဆုပေါင်းများစွာကို လဲ စွတ်ခူးခဲ့ပါတယ်.......
ဒီလောက်နဲ့ပဲ အဆုံးသတ်ပရစေဗျာ.... ဘော်ဒါတွေထဲမှာ ကျနော်ဒီထဲက Syn နဲ့The Rev ရဲ့ပတ်သတ်တဲ့Band တစ်ဘန့်ကို ကျနော်ချန်ထားတယ်.... ဒါကို ဘယ်သူများ သတိထားမိလဲ ဆိုတာ သိချင်းတယ်... သိတဲ့သူ Comment box မှာ အဲ့ဒီဘန့်ရဲ့နာမည်လေးဖြေသွားပေးပေါ့......

No comments:

Post a Comment