Musician များရဲ့ Biography များ Software နှင့် နည်းပညာများ ဂီတနှင့်နည်းပညာ ချစ်မြတ်နိုးသူများကို ကြိုဆိုပါတယ်

Saturday, May 4, 2013

Opera Browser မှာမြန်မာဖောင့်မမှန်ရင်...

Mozilla Firefox မှာပဲ မြန်မာ ဖောင့်မြင်ရတယ် တစ်ခြား Browser တွေမှာ မမြင်ရဘူး

အဲဒါနဲ့ တခြား Browser တွေကိုမသုံးဖြစ်ကြဘူး 

ဒါကြောင့် တခြား Browser တွေပဲသုံးစေချင်လို့ ဒီ post ကိုတင်လိုက်ပါတယ်

Safari Browser အတွက်ကိုလည်း နောက် post တစ်ခုရေးပေးထားပါတယ်

Opera Browser ကိုမြန်မာဖောင့်မြင်ချင်ရင်

Window key နဲ့ R ကိုတွဲနှိပ်ပါ ( Window Key က Ctrl နဲ့ Alt ကြားမှာရှိပါတယ်)  

ကျလာတဲ့ box ထဲမှာ notepad လို့ရိုက်ထည့် Ok ပြောလိုက်နော်

ဒါဆို notepad ကျလာပြီ အဲဒီ notepad ထဲမှာ 

* , html, body, div, p{font-family:Zawgyi-One !important;} 

အဲဒီ ကြယ်ပွင့်လေးကစပြီးတော့ အတွန့်ကွင်းလေးထိ copy လုပ်ပြီးထည့်လိုက်

ပြီးရင် ဘယ်ဘက်အပေါ်ဆုံးနားက File က Save As ကိုနှိပ်လိုက်

File နာမည်ကို Opera.css လို့ပေးပြီး Destop ပေါ်မှာ  Save လိုက်ပေါ့

ပြီးရင်  Destop ပေါ်က Opera ဆိုတဲ့ 0 အနီရောင် လေးကို Right Click ထောက်ပြီး

Open File Location ကိုကလစ်လိုက်

ပြီးရင် box တစ်ခုကျလာလိမ့်မယ် 

ကျလာတဲ့ box ထဲကို ခုဏ Destop ပေါ်မှာ Save ထားတဲ့ Opera.css ကို copy ကိုလုပ်ထည့်ပေးလိုက်

ပြီးရင် Opear ကိုဖွင့်ကြည့်လိုက် မြန်မာဖောင့်မမြင်ရရင် ကြိုက်သလိုပြော..............



No comments:

Post a Comment