Musician များရဲ့ Biography များ Software နှင့် နည်းပညာများ ဂီတနှင့်နည်းပညာ ချစ်မြတ်နိုးသူများကို ကြိုဆိုပါတယ်

Sunday, August 18, 2013

Herman Li Biography

Grammy ဆုရ Metal ဝိုင်းတစ်ဝိုင်းဖြစ်တဲ့ Dragon Force ရဲ့ ဂစ်တာသမား၊ တေးရေးဆရာ၊ ပရိုဂျူဆာ တစ်ဦးဖြစ်သူ Herman Li (တရုတ်နာမည် 李康敏) ကို Hong Kong မှာ မွေးဖွားခဲ့ပါတယ်။ အခု လက်ရှိ England နိုင်ငံ၊ London မြို့လေးမှာ နေထိုင်လျက်ရှိပါတယ်။

သူ့ Band ရဲ့ နိုင်ငံတကာမှာ ပေါက်သွားတဲ့ "Inhuman Rampage" အယ်လ်ဘမ်၊ U.S နဲ့ Canadian နိုင်ငံတွေရဲ့ Gold Single သီချင်းဖြစ်တဲ့ "Through the Fire and Flames"၊ သန်းချီ ရောင်းရတဲ့ Video Game "Guitar Hero III - Legends of Rock" တွေမှာ ပါဝင် တီးခတ်ထားသူ ဖြစ်ပါတယ်။ ဒါပေမယ့် Dragon Force ကို ထိပ်ဆုံးနေရာတစ်နေရာ ရောက်အောင်ပို့ပေးလိုက်တဲ့ အယ်လ်ဘမ်ကတော့ "Ultra Beatdown" ဖြစ်ပြီး UK, USA, Canada, Australia, Taiwan, Singapore နိုင်ငံတွေရဲ့ ထိပ်ဆုံး အခွေ ၂၀ထဲမှာ ပါဝင်ကာ၊ Japan နိုင်ငံရဲ့ ထိပ်ဆုံး ၁၀ ခွေ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။


အခုလောလောဆယ် နှစ်ပိုင်းအတွင်းမှာဆိုရင်တော့ Herman Li ဟာ လူငယ်မျိုးဆက်သစ်တွေရဲ့ စံထားစရာ၊ လွှမ်းမိုးမှုအရှိဆုံး ဂစ်တာသမား ဖြစ်ပါတယ်။ သူ နာမည်ကျော်ကြားလာမှုရဲ့ အစကို ခြေရာခံကြည့်မယ်ဆိုရင် Metal Hammer Golden Gods ပွဲ ရဲ့ "Best Shredder" ဆုပဲဖြစ်ပါတယ်။ ဆက်လက်ပြီး Herman ဟာ Guitar World စာဖတ်ပရိသတ်တွေက ရွေးချယ်ပေးအပ်တဲ့ ဆု ၄ ဆု ကို ၂၀၀၇ ခုနှစ်မှာ ဆက်လက် ရရှိခဲ့ပါတယ်။ ၎င်းတို့ကတော့ "Best New Talent" ဆု (၇၀%နဲ့ ရရှိခဲ့တာပါ။)၊ "Best Metal" ဆု၊ "Best Riff" ဆု နဲ့ "Best Shredder" ဆုပဲ ဖြစ်ကြပါတယ်။

သူ့ Band "Dragon Force" ရဲ့ ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေရဲ့ အားလပ်ချိန်လေးတွေမှာ UK နိုင်ငံရဲ့ လစဉ်ထုတ် Total Guitar မဂ္ဂဇင်းအတွက် ပုံမှန် စာရေးသားပေးနေပြီး ကမ္ဘာတလွှား Guitar Cilnic လေးတွေကိုလည်း လုပ်ဆောင်ပေးနေပါတယ်။ အမြဲဆန်းသစ် တိုးတက်နေတဲ့ ဂစ်တာသမားဖြစ်တာနဲ့အညီ Herman Li ဟာ သူတီးခတ်တဲ့ ပစ္စည်းအကြောင်း ဖြစ်နိုင်သမျှ ပိုသိ ပိုနားလည်လာအောင် ကြိုးစားနေရတာကိုလည်း နှစ်ခြိုက်ပါတယ်တဲ့... သူ့ ဂစ်တာ ပိုမိုကောင်းမွန် တိုးတက် အသားကျလာအောင်လည်း သူ အမြဲစဉ်းစားနေပါတယ်။ ၃ နှစ်ကျော်ကြာ ကြိုးစားအဖြေရှာ စမ်းသပ်တီးခတ်ကြည့်ပြီးတဲ့နောက်မှာတော့ Herman Li ရဲ့ Signature ဂစ်တာဖြစ်တဲ့ Ibanez E-Gen ဂစ်တာ ပေါ်ထွက်လာခဲ့ပါပြီ။

ဂီတရဲ့ ပြင်ပကို ကြည့်မယ်ဆိုရင် Herman Li ဟာ Computer Technology နဲ့ Martial Arts တွေကို စိတ်ဝင်စားသူ ဖြစ်ပါတယ်။ သူဟာ Brazilian Jiu Jitsu ကစားရတာနဲ့ Martial Artတွေကို ပေါင်းစပ်ကြည့်ရတာမှာ ပျော်မွေ့သူပါ။ Cantonese, French နဲ့ English ဘာသာစကား ၃ မျိုးကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ပါတယ်။

2010 မှာဆိုရင်တော့ Herman Li ဟာ ဂစ်တာဆွေးနွေးပွဲ တော်တော်များများ ပြုလုပ်ဖို့ရှိနေပြီး၊ သူ့ကိုယ်ပိုင် တူရိယာလေးကို လှည့်လည်ပြသရင်း ကမ္ဘာတစ်ခွင်က ဂစ်တာသမားများကို ကူညီပေးဖို့ စီစဉ်နေပါတယ်။

သူ ရရှိထားတဲ့ဆုတွေကတော့...
Metal Hammer Golden Gods 2009 – Best Shredder Award
Grammy Awards 2008 – Best Metal Performance “DragonForce” Nomination
Guitar World Reader’s Poll 2007 – Best New Talent (winning by 70%)
Guitar World Reader’s Poll 2007 – Best Metal
Guitar World Reader’s Poll 2007 – Best Riff
Total Guitar Reader’s Poll 2007 – Best Solo “Through the Fire and Flames”
Terrorizer Reader’s Poll 2006 – Best Band “DragonForce”
Terrorizer Reader’s Poll 2006 – Best Musician “Herman Li”
Terrorizer Reader’s Poll 2006 – Best Live Act “DragonForce”
Metal Hammer Golden Gods 2005 – Best Shredder Award
တို့ ဖြစ်ပါတယ်။

သူလက်ရှိ တီးခတ်နေတဲ့ ဂစ်တာကတော့ သူ့ကိုယ်ပိုင် Signature ဖြစ်တဲ့ Ibanez E-gen ဖြစ်ပြီး အဲဒီ ဂစ်တာကို သူ့ မော်လ်ဒယ်အဟောင်း S Series ကို အခြေခံ ထုတ်ယူထားတာ ဖြစ်ပါတယ်။ သူတီးခတ်တဲ့ Style ကတော့ Licks အတက် အဆင်းတွေကို မြန်မြန်ဆန်ဆန်တီးမယ်၊ Whammy Bar ကို လွန်လွန်မင်းမင်း သုံးမယ်၊ Sweep Picking တွေကို လျှင်မြန်စွာ တီးမယ်၊ နောက် အမြင့်သံတွေမှာ Tapping တီးမယ်။

သူ့ ဂစ်တာနဲ့ ဆက်စပ်ပစ္စည်းတွေကတော့...
***Ibanez EGEN
***EGEN18 Herman Li Signature Model (Transparent Violet Flat finish, DiMarzio HLM pickups, Edge Zero bridge)
***EGEN8 Herman Li Signature Model (Platinum Blonde Finish, V7 and V8 humbuckers, S1 singlecoil, Edge III bridge)
***Ibanez Acoustics

***DiMarzio Pickups (HLM - Neck, Middle, Bridge)
***D'Addario Strings



သူ အသုံးပြုတဲ့ Effects တွေကတော့...
Rocktron Prophesy II
Rocktron All Access
Rocktron MIDI Mate
Source Audio Hot Hand
MIDIjet Pro Wireless Midi System
DigiTech Whammy 2
Dunlop Cry Baby DCR-2SR
Ibanez Weeping Demon
Rocktron Patch Mate
Rocktron Xpression
Rocktron Intellifex XL
Korg DTR-2000
Fi Dorra Music Box
DigiTech HarmonyMan
Hot Hands

သူ သုံးတဲ့ Amplifiers တွေဟာ...
Marshall 120 WT head
Marshall 4x12 cabinets
Mesa Boogie Stereo 2:Fifty
Peavey 4x12 Straight cabinets

No comments:

Post a Comment