Musician များရဲ့ Biography များ Software နှင့် နည်းပညာများ ဂီတနှင့်နည်းပညာ ချစ်မြတ်နိုးသူများကို ကြိုဆိုပါတယ်

Wednesday, June 12, 2013

Internet Connection မြန်အောင်လုပ်နည်း (၂)

လုပ်လိုက်ပြန်ပြီ Internet Connection မြန်အောင်လုပ်နည်း (၂) တဲ့ အရင်ဟာကကော မြန်လို့လားလို့
မမေးကြပါနဲ့ဗျာ :D သိသလောက်ကိုမျှဝေပေးတာပါ  ဆရာကြီးလို အထာကြီးနဲ့ရေးတာမဟုတ်ပါဘူး
အားလုံးနားလည်အောင် ကိုယ်လည်းသိသလောက် လေးတွေကိုမျှဝေထားတာပါ................

အရင်ဆုံးလုပ်ရမှာက Computer Screen ရဲ့ ညာဘက်အောက်ဆုံးထောင့်က မော်နီတာပုံစံလေး  တွေ့ပါလိမ့်မယ် အဲဒါလေးကို Right Click ထောက်ပြီးတော့ Open Network and Sharing Center ကိုကလစ်ပါ
ကျလာတဲ့ box ထဲက ဘယ်ဘက်အခြမ်းထဲမှာ Control Panel Home ဆိုတဲ့ခေါင်းစဉ် အောက်က
Change Adapter Setting ကိုကလစ်ပါ Local Area Connection ဆိုတဲ့ မော်နီတာ နှစ်လုံးထပ်နေတဲ့ပုံလေး
တွေ့ပါလိမ့်မယ် အဲဒါလေးကို Right Click ထောက်ပြီး Properties ကိုဝင်ပါ

ထပ်ကျလာမယ့် box ထဲမှာ Internet Protocol Version 4 ကိုရွေးပြီးအောက်က Properties ကိုထပ်ကလစ်ပါ
 အဲဒီမှာထပ်ကျလာမယ့် box ထဲက အောက်ဆုံးကလေ  Ues the following DNS sever addresses အောက်မှာ
ကျွန်တော် ပြောတာလေးတွေ ရိုက်ထည့်ပြင်ပေးလိုက်နော်

Preferred DNS server :  208.67.222.222
Alternate DNS server :   208.67.220.220

အဲဒါလေးတွေပြင်ထည့်လိုက်နော်  ပြီးရင် Ok ပြောလိုက်
ပြီးရင် ကျန်တာတွေကို ပိတ်လိုက်တော့ ပြီးရင် Computer ကို Restart ချလိုက် ပြီးရင်ပြန်သုံးကြည့်လိုက်
မြန်သွားတာကိုတွေ့ရပါလိမ့်မယ်
ကဲ အဆင်ပြေကြပါစေနော်.................. :)

No comments:

Post a Comment